日本の季節と祭り
မြန်မာမှာတော့ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီ(၃)မျိုးရှိပေမဲ့၊ ဂျပန်မှာကတော့ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး အဓိကရာသီ(၄)မျိုးရှိပါတယ်။
🌸
春 (Haru)၊ နွေဦးရာသီကတော့ March ကနေ May လအထိဖြစ်ပါတယ်။ ဆောင်းရာသီရဲ့အအေးဓာတ်တွေလျော့နည်းလာပြီး ရာသီဥတုလည်းတဖြည်းဖြည်းနွေးလာတာကြောင့် တစ်နှစ်တာရဲ့ အသာယာဆုံးရာသီတွေထဲက တစ်ခုဖြစ်ပြီး ခရီးထွက်ဖို့အတွက် အကောင်းဆုံးရာသီဖြစ်ပါတယ်။ ပါတယ်။
နွေဦးရာသီက (Sakura) ချယ်ရီပန်းလေးတွေပွင့်တဲ့ ရာသီဖြစ်တဲ့အတွက် ဂျပန်ရိုးရာဓလေ့လေးတစ်ခုဖြစ်တဲ့ 花見(hanami) လို့ခေါ်တဲ့ Sakura ပန်းလေးတွေကိုကြည့်တဲ့ပွဲတော်ကို ဆင်နွှဲကြပါတယ်။ Sakura ပန်းတွေက မတ်လနှောင်းပိုင်းမှာ ဂျပန်နိုင်ငံရဲ့တောင်ဘက်ပိုင်းကနေစတင်ပွင့်ပြီး၊ မြေက်ဘက်၊ Hokkaido အထိရွေ့လျားပြီးပွင့်ပါတယ်။
🎆
夏 (Natsu)၊ နွေရာသီကတော့ June ကနေ August လအထိဖြစ်ပါတယ်။ Juneကနေ Julyလနှောင်းပိုင်းအထိ 梅雨(tsuyu) လို့ခေါ်တဲ့ မိုးရာသီပြီးသွားတဲ့အခါ ရာသီဥတုကအရမ်းပူတတ်ပါတယ်။
နွေရာသီမှာတော့ ရာသီပွဲတော်တွေအပြင်၊ မီးရှုးမီးပန်းပွဲတော်ကို ကျင်းပကြပါတယ်။
မီးရှုးမီးပန်းပွဲတော်တွေကိုတော့
Sumida River Fireworks Festival (隅田川花火大会) – Tokyo
Nagaoka Fireworks Festival (長岡花火大会) – Niigata
Omagari Fireworks (大曲の花火) – Akita
Lake Biwa Fireworks Festival (びわ湖大花火大会) – Shiga
Hiratsuka Tanabata Fireworks Festival (平塚七夕花火大会) – Kanagawa
တွေအပြင် တခြားမြို့နဲ့ ခရိုင်တွေမှာလည်း မီးရှုးမီးပန်းတွေကို ထောင်၊သောင်းချီ လွှတ်တင်ပြီး အကြီးအကျယ်ကျင်းပကြပါတယ်။
🍁
秋 (Aki)၊ ဆောင်းဦးရာသီကတော့ September ကနေ November လအထိဖြစ်ပါတယ်။ ဆောင်းဦးရာသီရောက်လာတာနဲ့ တဖြည်းဖြည်း အပူချိန်လျော့ကျလာတဲ့ အပြင် 紅葉(Kouyou/Momiji) လို့သိကြတဲ့ maple သစ်ရွက်လေးတွေ အရောင်ပြောင်းပြီး၊ ကြွေကျတဲ့ရာသီဖြစ်တဲ့အတွက် ဘုရားကျောင်းတွေ ပန်းခြံတွေနဲ့ တောင်လမ်းတွေကို လမ်းလျှောက်ရင်း maple ရွက်လေးတွေရဲ့ အလှကို romantic ဆန်ဆန်ခံစားနိုင်ပါတယ်။
🏂
冬 (Fuyu)၊ ဆောင်းရာသီကတော့ December ကနေ February လအထိဖြစ်ပါတယ်။
ဆောင်းရာသီကတော့ တစ်နှစ်ပတ်လုံးရဲ့ အအေးဆုံးရာသီဖြစ်ပြီး အပူချိန်လည်း ရေခဲမှတ်သုညအောက်အထိ ကျဆင်းလေ့ရှိပါတယ်။
北陸(Hokuriku), 東北(Tohoku), 北海道(Hokkaido) မှာဆိုရင် နှင်းတွေအရမ်းကျလွန်းလို့ မြို့တစ်မြို့လုံးအဖြူရောင်နှင်းတွေနဲ့ လွှမ်းမိုးသွားပါတယ်။
長野(Nagano) မှာရှိတဲ့ snow monkey တွေအပြင် Hokkaido မှာကျင်းပတဲ့
Sapporo Snow Festival (札幌雪まつり) – Sapporo
Otaru Snow Light Path Festival (小樽雪あかりの路) – Otaru
Asahikawa Winter Festival (旭川冬まつり) - Asahikawa
တွေအပြင် အခြားဆောင်းရာသီပွဲတော်တွေမှာလဲ ပါဝင်ဆင်နွှဲနိုင်ပါတယ်။
Minnasan တို့ရော အခုလို ဂျပန်နိုင်ငံရဲ့ ရာသီတွေအပြင် ရာသီပွဲတော်တွေ အကြောင်းကိုဖတ်လိုက်ရလို့ ဘယ်ရာသီကိုပိုနှစ်သက်ကြသွားလဲ ခင်ဗျာ😍
အခုလိုမျိုး စိတ်ဝင်စားစရာ ကောင်းတဲ့ Knowledge တွေကိုလည်း ထပ်မံပြီး တင်ပေးသွားပါမယ် ခင်ဗျာ။အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
L3 Language Training Center
Comments
Post a Comment