Posts

日本の季節と祭り

  မြန်မာမှာတော့ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီ(၃)မျိုးရှိပေမဲ့၊ ဂျပန်မှာကတော့ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး အဓိကရာသီ(၄)မျိုးရှိပါတယ်။ 🌸 春 (Haru)၊ နွေဦးရာသီကတော့ March ကနေ May လအထိဖြစ်ပါတယ်။ ဆောင်းရာသီရဲ့အအေးဓာတ်တွေလျော့နည်းလာပြီး ရာသီဥတုလည်းတ‌ဖြည်းဖြည်းနွေးလာတာကြောင့် တစ်နှစ်တာရဲ့  အသာယာဆုံးရာသီတွေထဲက တစ်ခုဖြစ်ပြီး ခရီးထွက်ဖို့အတွက် အကောင်းဆုံးရာသီဖြစ်ပါတယ်။ ပါတယ်။  နွေဦးရာသီက (Sakura) ချယ်ရီပန်းလေးတွေပွင့်တဲ့ ရာသီဖြစ်တဲ့အတွက် ဂျပန်ရိုးရာဓလေ့လေးတစ်ခုဖြစ်တဲ့ 花見(hanami) လို့ခေါ်တဲ့ Sakura ပန်းလေးတွေကိုကြည့်တဲ့ပွဲတော်ကို ဆင်နွှဲကြပါတယ်။ Sakura ပန်းတွေက မတ်လနှောင်းပိုင်းမှာ ဂျပန်နိုင်ငံရဲ့တောင်ဘက်ပိုင်းကနေစတင်ပွင့်ပြီး၊ မြေက်ဘက်၊ Hokkaido အထိရွေ့လျားပြီးပွင့်ပါတယ်။ 🎆 夏 (Natsu)၊ နွေရာသီကတော့ June ကနေ August လအထိဖြစ်ပါတယ်။ Juneကနေ Julyလနှောင်းပိုင်းအထိ 梅雨(tsuyu) လို့ခေါ်တဲ့ မိုးရာသီပြီးသွားတဲ့အခါ ရာသီဥတုကအရမ်းပူတတ်ပါတယ်။ နွေရာသီမှာတော့ ရာသီပွဲတော်တွေအပြင်၊ မီးရှုးမီးပန်းပွဲတော်ကို ကျင်းပကြပါတယ်။ မီးရှုးမီးပန်းပွဲတော်တွေကိုတော့ Sumida River Fireworks Festival (隅田川花火大会) – Tokyo Nagaoka